
Bali (Indonesia) MM-004-KIN-TJGWKUL-NP-LOT
Day 1: ရန်ကုန်အပြည်ပြည်ဆိုင်ရာ
မင်္ဂလာဒုံလေဆိပ်မှ အင်ဒိုနီးရှားနိုင်ငံ Ngurah Rai နိုင်ငံတကာလေဆိပ်သို့ ပျံသန်းရောက်ရှိပါမည်။ လေဆိပ်တွင်
ဒေသဆိုင်ရာဧည့်လမ်းညွှန်မှ လာရောက်ကြိုဆိုပြီး ညစာသုံးဆောင်ရန် Local Restaurant
သို့လိုက်ပါပို့ဆောင်ပေးပါမည်။ ထို့နောက် ဟိုတယ်တွင် Check-In ဝင်ရောက်ပြီး
အိပ်စက်အနားယူပါမည်။
Day 2: ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီးနောက် ဟိန္ဒူလူမျိုးများယုံကြည်ကိုးကွယ်သော
ဟိန္ဒူရိုးရာဘုရားကျောင်း ဖြစ်တဲ့ နတ်ရေကန်မှာ ရေချိုးရင်းဆုတောင်းရင် ရောဂါဘယကင်းဝေးတယ်လို့
ဆုတောင်းသမျှ ပြည့်တယ်ဆိုတဲ့ Holy Water ရှိတဲ့ Tirta Empul at Tampaksiring ကို သွားရောက်လည်ပတ်ပါမည်။ဆက်လက်ပြီး မီးတောင်ရှင်တစ်ခုဖြစ်တဲ့ Batur မီးတောင် ရှိရာ
Kintamani ရွာ သို့ သွားရောက်လတ်ပတ်ပါမည်။
Mt Batur ရှုခင်းကို ခံစားပြီး နေ့လည်စာ Buffet သုံးဆောင်ပါမည်။ နေ့လည်စာသုံးဆောင်ပြီးနောက်
ဘာလီ ရောက်ရင် မလုပ်မနေရ အလန်းစား ဓါတ်ပုံတွေ တင်ဖို့ Bali Nest နဲ့ Bali Swing သို့သွားရောက်ပါမည်။
ဆက်လက်ပြီး ညစာကို သုံးဆောင်ရန် Japanese HOT POT and Grilled Restaurant. သို့လိုက်ပါပို့ဆောင်ပေးပါမည်။
ထို့နောက် ဟိုတယ်တွင်တစ်ညတာ အိပ်စက်အနားယူပါမည်။
Day 3: ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီးနောက် ဘာလီကျွန်းသို့
လာရောက်လည်ပတ်သော ခရီးစဉ်ကို ပိုမိုပြည့်စုံစေရန် Tanjung Benoa Beach တွင် ကမ်းခြေအရသာကိုခံစားရင်း
သဲသောင်ပေါ်တွင် အပန်းဖြေအနားယူခြင်း၊ ပင်လယ်အားကစားနည်းများအား မိမိအစီ အစဉ်ဖြင့် ဆော့ကစား နိုင်ပါမည်။ ထိုမှတစ်ဆင့် GWK ဟုခေါ်သည့် Garuda Wisnu Kencana ပန်းခြံသို့
သွားရောက်လေ့လာကြပါမည်။ နေ့လည်စာကို GWK ရှိ စားသောက်ဆိုင်တွင် သုံးဆောင်ကြ ပါမည်။
နေ့လည်စာ သုံးဆောင်ပြီးနောက် ရှေးခေတ် ဗိသုကာ
ပညာများဖြင့် တည်ဆောက်ထားသော Pura Luhur Ulwatu Temple သို့ သွားရောက် လည်ပတ်ကြမည်ဖြစ်ပါသည်။
၁၁ ရာစုကတည်းက ဘာလီကျွန်း၏ ပထမဦးဆုံး တည်ဆောက်
ထားသော ရှေးဟောင်း အမွေအနှစ် သမိုင်းဝင်စေတီအတွင်းရှိ ဗိသုကာလက်ရာများသည် ခရီးသွားဧည့်သည်များကို
စိတ်ဝင်စားဖွယ် ဆွဲဆောင်ထားသော အံ့ဖွယ် တစ်ပါး ပင်ဖြစ်ပါသည်။ ညနေစာကို Kedonganan ရှိ
စားသောက်ဆိုင်တွင် ပင်လယ်စာဖြင့် သုံးဆောင်ပြီးနောက် ဟိုတယ်သို့ ပြန်လည် ပို့ဆောင်ပေးမည်ဖြစ်ပြီး
ဟိုတယ်တွင် အိပ်စက်အနားယူမည်ဖြစ်ပါသည်။
Day 4: ဟိုတယ်တွင် နံနက်စာ သုံးဆောင်ပြီးနောက် Nusa
Penida ကျွန်းသို့ လည်ပတ်ရန် Sanur Harbor
သို့ ကားဖြင့်ထွက်ခွာပြီး ထိုမှတဆင့် လှေစီးပြီး ထွက်ခွာပါမည်။ ထို့နောက် Nusa
Penida ကျွန်းရှိ အံ့သြဖွယ် ဖြစ်ထွန်းနေသော
Angel Billabong ကျောက်ဆောင်သို့ သွားရောက်လည်ပတ်ကြပါမည်။ ဒီရေကျချိန်ဖြစ်ပါက ကြည်လင်
နေသော ရေထဲတွင် ရေကူးခြင်း၊ ရေစိမ်ခြင်းများ ပြုလုပ် နိုင်ပါမည်။ ထို့နောက် Broken
Beach (Pasih Uug) တွင် ဆက်လက်လည်ပတ်ကြပါမည်။ နေ့လည်စာကို စားသောက်ဆိုင်တွင် သုံးဆောင်ပြီးနောက်
Kelingking Beach သို့ သွားရောက်လည်ပတ်ကြပါမည်။ထို့နောက် Crystal Bay တွင် ဆက်လက်လည်ပတ်ကြပါမည်။ Sanur သို့
ပြန်လာပြီး စားသောက်ဆိုင်တွင် ညနေစာသုံးဆောင်ပြီးနောက် ဟိုတယ်တွင် တစ်ညတာ အနားယူကြပါမည်။
Day 5: ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီးနောက် ထို့နောက်
မိုးကုတ်စက်ဝိုင်းနှင့် ပင်လယ်ပြင်တို့၏ အနားသတ်မဲ့ပေါင်းစပ်မှုကို အံ့မခန်းလှပစွာ ပေါင်းစည်းထားသော Tanah Lot Sea Temple သို့ သွားရောက်လည်ပတ်ပါမည်။
ဒေသခံများမှ အန္တရာယ်ကင်းသည်ဟု ယုံကြည်ထားသော ကျောက်စိမ့်ရေနှင့် ဆုတောင်းဝတ်ပြုနိုင်သော
စေတီဖြစ်ပါသည်။ နေ့လည်သာကိုဒေသတွင်း စားသောက်ဆိုင်တွင်
သုံးဆောင်ပါမည်။ အမှတ်တရလက်ဆောင်ပစ္စည်းများဝယ်ယူရန် Agung Bali OR Krisna
Souvenir Shop သို့ပို့ဆောင်ပေးပါမည်။ ထို့နောက် လေဆိပ်သို့ပိုဆောင်ပေးပြီး ဘာလီကျွန်းရှိ
Ngurah Rai အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ ရန်ကုန်သို့ပြန်မည်ဖြစ်ပါသည်။
Last updated 6 months ago