Japan

 Day 1 : ရန်ကုန် - ဘန်ကောက် - တိုကျို

ရန်ကုန်အပြည်ပြည်ဆိုင်ရာ မင်္ဂလာဒုံလေဆိပ်မှ  (                 ) လေကြောင်းခရီးစဉ် ဖြင့် (                     ) ဂျပန်နိုင်ငံ တိုကျိုမြို့သို့ ပျံသန်းမည် ဖြစ်ပါသည်။ လေယဉ်ပေါ်တွင် တစ်ညတာ အိပ်စက်အနားယူမည်ဖြစ်ပါသည်။  


   Day 2 : နံနက်စောစောတွင် တိုကျိုမြို့ရှိ နာရီတ လေဆိပ်သို့ နံနက် စောစော တွင် ရောက်ရှိမည်ဖြစ်ပါသည်။ လေဆိပ်တွင် ဒေသဆိုင်ရာ ဧည့်လမ်းညွှန်မှ လာရောက်ကြိုဆိုမည်ဖြစ်ပြီး တိုကျိုမြို့တွင် သက်တမ်းအကြာဆုံး ဘုရားကျောင်း တစ်ကျောင်းဖြစ်သော Asakusa Sensouji Temple သို့ သွားရောက် လည်ပတ်ကြပါမည်။ ဂျပန်လူမျိုးများ၏ ယဉ်ကျေးမှု့ ဓလေ့ထုံးစံနှင့် ဗိသုကာ လက်ရာများကို လေ့လာပြီးနောက် အထူးပင်စည်ကားလှသော Nakamise Street လမ်းမတစ်လျှောက်တွင် အမှတ်တရ လက်ဆောင်ပစ္စည်းများလည်း ဝယ်ယူနိုင်ရန် အချိန်ပေးပါမည်။ မိမိအစီအစဉ်ဖြင့် နေ့လည်စာသုံးဆောင်ပြီးပါက တိုကျိုတွင် အသစ်ဖွင့်လှစ်ထားရှိပြီး မိုးမျှော်သစ်ပင် ဟု တင်စား ခေါ်ဝေါ်သည့် ဂျပန်မှာသာမက ကမ္ဘာပေါ်တွင် အမြင့်ဆုံး ရုပ်သံလွှင့် တာဝါတိုင်ဖြစ်သော Tokyo Sky Tree သို့တက်ကာ မြို့အလှကို ကြည့်ရှု့ခံစားပြီး အမှတ်တရဓါတ်ပုံများ ရိုက်ကူးပါမည်။ ညစာသုံးဆောင်ပြီးပါက ဟိုတယ်သို့ ပို့ဆောင်ပေးမည် ဖြစ်ပြီး တစ်ညတာ အေးချမ်းစွာ အိပ်စက်အနားယူပါမည်။


  Day 3 : ဟိုတယ်တွင် နံနက်စာ သုံးဆောင်ပြီးပါက Imperial Palace ခေါ် ဂျပန်ဧကရာဇ် စံမြန်းရာအိမ်တော်သို့ သွားရောက်လည်ပတ်ပြီး ပြင်ပမှ အမှတ်တရ ဓါတ်ပုံရိုက်ပါမည်။ ထိုမှတဆင့် ရင်ခုန်စိတ်လှုပ်ရှားဖွယ် ပျော်ရွှင်ဖွယ် အကောင်းဆုံး ကစားကွင်းများရှိရာ တိုကျို Disney Land သို့ကားဖြင့် သွားရောက်လည်ပတ်ပြီး ကစားကွင်းအတွင်းတွင် ရင်ခုန်စိတ်လှုပ်ရှားဖွယ်ကောင်းသော ကစားနည်းများနှင့် များပြားလှသော စိတ်ကြည်နှုးဖွယ်ကောင်းသော ကစားကွင်းအတွင်း တင်ဆက်မှုများကိုလည်း ကြည့်ရှု့ကြပါမည်။ ကမ္ဘာပေါ်တွင် တတိယမြောက်အကြီးဆုံး ဖျော်ဖြေရေး ပန်းခြံဖြစ်ပြီး တစ်နေရာတည်းတွင် တည်ရှိသော Disney Sea ရှိပြပွဲများတွင်လည်း ပါဝင်ဆင်နွဲနိုင်ပါသည်။ ထို့နောက် ညစာသုံးဆောင်ပြီး တစ်နေ့တာ ပင်ပန်းသမျှကို ဟိုတယ်တွင် အေးချမ်းစွာ အိပ်စက်အနားယူပါမည်။


  Day 4: တိုကျို - ကာမာကူရ

ဟိုတယ်တွင် နံနက်စာ သုံးဆောင်ပြီးပါက ကမာကူရမြို့သို့ ကားဖြင့် ဆက်လက်ထွက်ခွာ လာပြီး ဂျပန်နိုင်ငံ၏ ဒုတိယ အကြီးဆုံးနှင့် ဆုတောင်းပြည့်သည်ဟု ယုံကြည်ကြသော ထိုင်တော်မူ ကြေးသွန်းဗုဒ္ဓရုပ်ပွားတော် ကမာကူရ ဘုရားဆင်းတုတော်ကြီးအား သွား ရောက် ဖူးမြှော်ပါမည်။ နေ့လည်စာ သုံးဆောင်ပြီးပါက Odaiba Sightseeing & Shopping ,Ginza Sightseeing & Shopping, Shinjuku Sightseeing & Shopping များသို့ သို့ပို့ဆောင်ပေး ပါမည်။ ထို့နောက် ညစာသုံးဆောင်ပြီး တစ်နေ့တာ ပင်ပန်းသမျှကို ဟိုတယ်တွင် အေးချမ်းစွာ အိပ်စက်အနားယူပါမည်။



 Day 5 :  ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီးပါက ဖူဂျီယာမတောင် ( Mt.Fuji ) သို့သွားရောက်လည်ပတ်ပါမည်။ ဖူဂျီယာမ တောင်တက်ရာတွင် စခန်း (၁၀) ခုရှိပြီး ရာသီဥတုပေါ်မူတည်၍ ကားဖြင့် စခန်းအမှတ် (၅) အထိ သွားရောက်ပြီး ဖူဂျီတောင်၏ သဘာဝ ပတ်ဝန်းကျင် အလှ ကို ကြည့်ရှု့ခံစားပြီး အမှတ်တရ ဓါတ်ပုံများ ရိုက်ကူးပါမည်။  နေ့လည်စာ သုံးဆောင်ပြီးပါက နတ်ရေကန်ဟု တင်စားခေါ် ဝေါ် သော ဖူဂျီတောင်ခြေတွင် ရှိသော Oshino Hakkai သို့ သွားရောက် လေ့လာပြီး ကြည်လင်လှသော ရေကန်ငယ်များ ပတ်ချာလည် ရှိ ရှေးရိုးရာ ဂျပန်အိမ်ငယ် လေးများ နှင့် အမှတ်တရ လက်ဆောင်ပစ္စည်းများ ဝယ်ယူရင်း ဖူဂျီတောင် နောက်ခံဖြင့် ဓါတ်ပုံများ ရိုက်ကူး ကြပါမည်။ ထို့နောက် ညစာသုံးဆောင်ပြီး တစ်နေ့တာ ပင်ပန်းသမျှကို ဟိုတယ်တွင် အေးချမ်းစွာ အိပ်စက်အနားယူပါမည်။

Day 6: ဖူဂျီတောင် - အိုဆာကာ

ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီးပါက ဖူဂျီတောင်မှ နှင်းမှအရည်ပျော်ကြရာမှ ဖြစ်ပေါ်လာသော နတ်ရေကန်ဟု တင်စားခေါ်ဝေါ် ကြသည့် Ashi ကန်အတွင်းတွင် သင်္ဘောဖြင့် လှည့်လည်ကြည့်ရှုရင်း ဖူဂျီတောင်နောက်ခံဖြင့် အမှတ်တရ ဓါတ်ပုံရိုက်ကူးကြပါမည်။ ထို့နောက် သဘာဝရေပူစမ်းများ ထွက်ရှိရာ အိုဝါခူဒါနီတောင်ကြားသို့ Cable Car ဖြင့် သွားရောက်လည်ပတ်မည်ဖြစ်ပြီး အသက်ရှည် နုပျိုစေသည်ဟု ယုံကြည်ကြသော ကြက်ဉမဲများကို မြည်းစမ်းကြပါမည်။ နေ့လည်စာကို ဒေသစားသောက်ဆိုင်တွင် သုံးဆောင် ပါမည်။ နေ့လည်စာ သုံးဆောင်ပြီးပါက ဂျပန်နိုင်ငံ၏ ရထားပို့ဆောင်ရေးစနစ်ကို ကိုယ်တိုင်တွေ့ကြုံ ခံစားနိုင်ရန် Mishima ဘူတာရုံသို့ ပို့ဆောင်ပေးမည်ဖြစ်ပြီး ကျည်ဆံရထားဖြင့် Shinosaka Station သို့ သွားရောက်မည်ဖြစ်ပါသည်။ ညစာသုံးဆောင်ပြီးနောက် အိုဆာကာရှိ ဟိုတယ်တွင် တစ်ညတာ အေးချမ်းစွာ အိပ်စက်အနားယူပါမည်။

  Day 7:  အိုဆာကာ-ကျိုတို -အိုဆာကာ

ဟိုတယ်တွင် မနက်စာသုံးဆောင်ပြီးနောက် UNESCO World Heritage Site အဖြစ် အသိအမှတ်ပြုခံရပြီး သမင်လေးတွေ ဘေးမဲ့လွှတ်ထားတဲ့ နာရာ (Nara) မြို့လေး သို့ပို့ဆောင်ပေးပါမည်။  သမင်တွေဟာ နတ်ဘုရားတွေနဲ့ ဆက်သွယ်ပေးနိုင်တဲ့ သတင်းပို့သတ္တဝါလေးများအဖြစ် လက်ခံယုံကြည် ကြပါတယ်။ ဆက်လက်ပြီးယူနက်စကို စာရင်းဝင် ကျောင်းကြီးလည်း ဖြစ်တဲ့ Todaiji Great Buddhaod သို့သွားရောက် ဖူးမျှော်ကြပါမည်။  ဗုဒ္ဓရုပ်ပွားတော်ကြီးရဲ့ အမြင့်က ၄၉ ပေ ၂ လက်မ ရှိပြီး မျက်နှာတော် က ၁၇ ပေ ၆ လက်မ ရှိပါတယ်။ မျက်လုံးတော်သည် ၃ ပေ ၄ လက်မ ရှိပြီး တန်ချိန်အားဖြင့် ၅၅၀ တန် အလေးချိန်ရှိပါတယ်။  မိမိအစီအစဉ်ဖြင့် နေ့လည်စာ သုံးဆောင်ပြီးနောက် အိုဆာကာမြို့တော်၏ သမိုင်းဝင် အထင်ကရ နေရာတစ်ခုဖြစ်သော အိုဆာကာရဲတိုက်သို့ သွားရောက်ပြီး အမှတ်တရ ဓါတ်ပုံများ ရိုက်ယူကြပါမည်။ ဆက်လက်၍ အိုဆာကာမြို့တွင်းသို့ ပို့ဆောင်ပေးမည် ဖြစ်ပြီး အဝတ် အထည်နှင့် လူသုံးကုန်ပစ္စည်းများ ရောင်းချရာ ( Shinsaibashi Shopping Mall ) တွင် ပျော်ရွှင်လွတ်လပ်စွာ ဈေးဝယ်ပြီး မိမိ အစီအစဉ်ဖြင့် ညစာကို Local Restaurant တွင် သုံးဆောင်ပါမည်။ ညစာ သုံးဆောင်ပြီးပါက အိုဆာကာရှိ ဟိုတယ်သို့ ပို့ဆောင်ပေးမည် ဖြစ်ပြီး တစ်ညတာ အေးချမ်းစွာ အိပ်စက်အနားယူပါမည်။ 

  Day 8 : အိုဆာကာ- ကျိုတို -အိုဆာကာ

ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီးပါက ကျိုတိုရှေးဟောင်းမြိ့ုတော်သို့ ဆက်လက်ထွက်ခွာလာပြီး ရွှေနန်းတော် အဖြစ်မှ ဇင်ဗုဒ္ဓဘာသာ ဘုရားကျောင်းအဖြစ် ပြောင်းလဲထားပြီး အပေါ်ကျောင်းဆောင် နှစ်ထပ်အား ရွှေချထားသော Kinkakuji Temple သို့သွားရောက်လည်ပတ်ပါမည်။ ထို့နောက် ဂျပန်ရိုးရာ ကီမိုနို အလှဝတ်စုံများ ဝတ်ဆင်ပြီး အမှတ်တရ ဓါတ်ပုံရိုက်ကူးပါမည်။  ဆက်လက်ပြီး ကျိုတိုမြို့တောင်ပိုင်းရှိ Fushimi Inari Shrine သို့ပို့ဆောင်ပေးပါမည်။ ထောင်ပေါင်းများစွာသော vermilion torii တံခါးများကြောင့် ကျော်ကြားပါသည်။ Fushimi Inari သည် ဆန်တိုနတ်ဘုရား Inari အတွက် ရည်စူးထားသော ထောင်ပေါင်းများစွာသော ဘုရားကျောင်းများအနက် အရေးကြီးဆုံးဖြစ်သည်။ မြေခွေးများသည် Inari ၏တမန်များဟုယူဆကြပြီး ဘုရားကျောင်းဝင်းအတွင်း၌ မြေခွေးရုပ်တုများစွာ ရှိပါသည်။ ဆက်လက်ပြီး Togetsu Bridge သို့ပို့ဆောင်ပေးပါမည်။ Togetsu Bridge တံတားကို 834 နှင့် 848 ခုနှစ်ကြားတွင် တည်ဆောက်ခဲ့ပြီး 1259 နှင့် 1274 ခုနှစ်ကြားတွင် Togetsukyo ဟု အမည်ပေးထားသည်။ ၎င်းကို ကွန်ကရစ်အုတ်မြစ်ဖြင့် 1934 ခုနှစ်တွင် ပြန်လည်တည်ဆောက်ခဲ့သော်လည်း တံတား၏ထိပ်ပိုင်းရှိ ဘောင်ကို ထင်းရူးပင်ဖြင့် ပြုလုပ် ပေါင်းစပ်ဖန်တီးထားပါသည်။ ဆက်လက်ပြီး ဧရာမ ဝါးတောများရှိရာ  Bamboo Forest သို့ပို့ဆောင်ပေးပါမည်။ ညစာကို မိမိ အစီအစဉ်ဖြင့် Local Restaurant တွင် သုံးဆောင်ပါမည်။ ညစာ သုံးဆောင်ပြီးပါက ဟိုတယ်သို့ ပို့ဆောင်ပေးမည် ဖြစ်ပြီး တစ်ညတာ အေးချမ်းစွာ အိပ်စက်အနားယူပါမည်။ 

Day 9 : အိုဆာကာ ~ ရန်ကုန်

ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီးပါက အိုဆာာကာရှိ ကန်ဆိုင်းလေဆိပ်သို့ ပို့ဆောင်ပေးမည်ဖြစ်ပြီး  (       )           လေကြောင်းခရီးစဉ်  ဖြင့်  ဘန်ကောက်မြို့သို့ ရောက်ရှိပြီး ဘန်ကောက်မြို့မှတဆင့် ရန်ကုန် အပြည်ပြည်ဆိုင်ရာ မင်္ဂလာဒုံလေဆိပ်သို့ ပျံသန်းရောက်ရှိမည် ဖြစ်ပါသည်။

 

 

 

 

 

 

 

Last updated 1 month ago