Seoul-Jeju

Day 1: ရန်ကုန်~ အင်ချွန်း ~ ဂျယ်ဂျူးကျွန်း (ညစာ) 8M #801 (07:15~15:30)

ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ် မှ MAI လေကြောင်းခရီးစဉ်  ဖြင့် ကိုရီးယားနိုင်ငံ အင်ချွန်း အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ပျံသန်း ရောက်ရှိ ပါမည်။ ဒေသဆိုင်ရာ ဧည့်လမ်းညွှန်မှ လာရောက် ကြိုဆိုမည် ဖြစ်ပါ သည်။ ထို့နောက် ဂင်မ်ပို ပြည်တွင်း လေဆိပ်သို့ ပို့ဆောင်ပေးမည် ဖြစ်ပြီး ပြည်တွင်းလေကြောင်း ခရီးစဉ်ဖြင့် ဂျယ်ဂျူး အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ပျံသန်း ရောက်ရှိ မည် ဖြစ်ပါ သည်။ ညစာသုံးဆောင်ပြီးပါက ဟိုတယ်သို့ ပို့ဆောင်ပေးမည်ဖြစ်ပြီး တစ်ညတာ အေးချမ်းစွာ အိပ်စက် အနားယူမည်ဖြစ် ပါသည်။

Day 2 : ဂျယ်ဂျူးကျွန်း (နံနက်စာ၊ နေ့လည်စာ၊ ညစာ)

  ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီးပါက ပထမဦးစွာ လွန်ခဲ့သောနှစ်ပေါင်းနှစ်သန်းခန့်က Halla တောင်မှ ထွက်လာသော ချော်ရည် များ စုပုံ ခြင်းကြောင့် ဖြစ်ပေါ်လာ သော နဂါးခေါင်းကဲ့သို့ ပုံသဏ္ဍာန်ရှိသော Yongduam Dragon Rock သို့သွား ရောက်ပြီး အမှတ်တရ ဓါတ်ပုံရိုက်ကူး ပါမည်။ထို့နောက် ကမ္ဘာမြေကြီး၏ ဆွဲအား ကြောင့် ဖြစ်ပေါ်လာသော “Mysterious Road” ခေါ် ပဟေဋိလမ်းမသို့ သွား ရောက် လည်ပတ် ပါမည်။ဆက်လက်ပြီး ကိုရီးယားလက်ဖက်ရည်သမိုင်းနှင့် ဓလေ့ ထုံးတမ်း များကို ပြသထားသော Jeju O’Sulloc Tea Museum သို့သွားရောက် လေ့လာပါ မည်။ ထို့နောက် ဝက်ဝံရုပ်ပေါင်းများစွာဖြင့် အလှဆင်ထားသော“Joan Bear Museum” သို့ သွားရောက် လည်ပတ်ပြီး အမှတ်တရ ဓါတ်ပုံရိုက်ကူးပါမည်။ ဆက်လက်ပြီး ဂျယ်ဂျူးကျွန်း၏ အလှပဆုံးရေတံခွန် ဖြစ် သော “Cheonjiyeon Water Fall” (ချွန်းဂျီယွန်းရေတံခွန်) သို့ သွားရောက် လည်ပတ်ပြီး အမှတ်တရ ဓါတ်ပုံရိုက်ကူး ပါမည်။ ဆက်လက်ပြီး ဂျယ်ဂျူးကျွန်းတောင်ဘက်ရှိ  နာမည်ကျော် ကျောက်ဆောင်များရှိရာ Jusangjeolli cliff သို့သွား ရောက်လည်ပတ် ပါမည်။  ညစာသုံးဆောင်ပြီးပါက ဟိုတယ်သို့ ပို့ဆောင်ပေးမည်ဖြစ်ပြီး တစ်ညတာ အေးချမ်းစွာ အိပ်စက် အနားယူမည်ဖြစ် ပါသည်။

Day  3: ဂျယ်ဂျူးကျွန်း (နံနက်စာ၊ နေ့လည်စာ၊ ညစာ)

 ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီးပါက Jeju ကျွန်း တွင် ဒုတိယ အရှည်ဆုံး ဖြစ်သည့်   Manjang Cave သို့ သွားရောက် လေ့လာ ပါမည်။ ဆက်လက်ပြီး နာမည်ကျော် All In (အွန်စော) ဇာတ်ကား ရိုက်ကူးရာ Seopjikoji Coast သို့ သွားရောက် လည်ပတ်ပြီး အမှတ်တရ ဓါတ်ပုံများ ရိုက်ကူး ပါမည်။နေ့လည်စာ သုံးဆောင်ပြီးပါက ရှေးယခင်က ဂျယ်ဂျူးကျွန်းသူ၊  ကျွန်းသားတို့၏ နေမှုဘဝကို လေ့လာနိုင်မည့် Seongeup Traditional Village ခေါ် ကိုရီးယား ကျေးရွာသို့ ဝင်ရောက် လည်ပါတ်ပါမည်။ ဆက်လက်ပြီး UNESCO မှ သဘာဝအမွေအနှစ် တစ်ခုအဖြစ် သတ်မှတ်ထားခြင်း ခံရသော အာရုဏ်ဦး တောင်ထိပ်ခေါ် Seongeup Sunrise Peak သို့ သွားရောက်ပြီး တောင်ထိပ်သို့ တက်ရာလမ်းတစ်လျှောက်ရှိ သဘာဝ ပတ်ဝန်းကျင် အလှအပ တို့ကိုကြည့်ရှု ခံစားမည်ဖြစ်ပါသည်။ ထို့နောက် ဂျယ်ဂျူးလေဆိပ်သို့ ပို့ဆောင်ပေးမည်ဖြစ်ပြီး ပြည်တွင်း လေကြောင်း ခရီးစဉ်ဖြင့် တောင်ကိုရီးယားနိုင်ငံ၏ မြို့တော်ဆိုးလ်သို့ ပျံသန်းရောက်ရှိမည် ဖြစ်ပါ သည်။ ဆိုးလ်မြို့သို့ ရောက်ရှိပါက ပထမဦးစွာ ကိုရီးယားရိုးရာကျေးရွာတစ်ခုဖြစ်ပြီး နှစ်ပေါင်း ၆၀၀ သက်တမ်းရှိသော Bukchon Hanok Village သို့ ပို့ဆောင်ပေးပါမည်။ ညစာကိုဒေသတွင်းစားသောက်ဆိုင်တွင်သုံးဆောင်ပြီး ညစာသုံးဆောင်ပြီးပါက ဟိုတယ်သို့ ပို့ဆောင်ပေးမည်ဖြစ်ပြီး တစ်ညတာ အေးချမ်းစွာ အိပ်စက် အနားယူမည်ဖြစ် ပါသည်။

Day  4:  ဂျယ်ဂျူးကျွန်း - ဆိုးလ်  (နံနက်စာ၊ နေ့လည်စာ၊ ညစာ)

 ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီးပါက  ကိုရီးယားလူမျိုးတို့ အမြတ်တနိုး တန်ဖိုးထား စိုက်ပျိုးသော ဂျင်းဆင်းစိုက်ပျိုးနည်း အဆင့် ဆင့်ကို သွားရောက် လေ့လာပါမည်။ထို့နောက်  “Winter Sonata” ရုပ်သံဇာတ်လမ်းတွဲ ရိုက်ကူး ခဲ့သော Nami ကျွန်းရှိ ဟေမာန် ဆောင်း၏  ချစ်သံစဉ်ဇာတ်လမ်းရိုက်ကူးရာ (Winter Sonata Shooting Place) သို့သွားရောက် လည်ပတ်ပြီး အမှတ်တရ ဓါတ်ပုံများ ရိုက်ကူး ပါမည်။ နေ့လည်စာကို နမိကျွန်းတွင် ကြက်သားကင် ဖြင့် သုံးဆောင် ပါမည်။ နေ့လည်စာ သုံးဆောင်ပြီးပါက နမိကျွန်းမှ ပြန်လည် ထွက်ခွာ လာပြီး ဆိုးလ်မြို့တစ်ခုလုံးကို အပေါ်စီးမှ ရင်သပ်ရှုမောဖွယ် တွေ့မြင် ရမည့် N Seoul Tower ဆိုးလ် တာဝါသို့ သွားရောက် လည်ပတ်ပြီး အချစ်သင်္ကေတအဖြစ် သော့ခလောက် လေးများ အမှတ်တရ ချိတ်ဆွဲနိုင်ပါသည်။ ထို့နောက် ကိုရီးယား အစားအစာ တစ်ခုဖြစ်သော ကင်ချီပြုလုပ်သော နေရာ သို့ သွားရောက်ပြီး မိမိ ကိုယ်တိုင် ပါဝင်၍ ကင်ချီလက်တွေ့ ပြုလုပ်ကြပါမည်။  ညစာသုံးဆောင်ပြီးပါက ဟိုတယ်သို့ ပို့ဆောင် ပေးမည် ဖြစ်ပြီး တစ်နေ့တာ ပင်ပန်း သမျှကို ဟိုတယ်တွင် အေးချမ်းစွာ အိပ်စက်အနား ယူမည် ဖြစ်ပါသည်။

Day  5: ဆိုးလ်  (နံနက်စာ၊ နေ့လည်စာ၊ ညစာ)

 ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီးပါက ဆိုးလ်မြို့၏ ပျော်ရွှင်ဖွယ်ရာ အကောင်းဆုံး ကစားကွင်း တစ်ခုဖြစ်သော Everland သို့ ပို့ဆောင်ပေးမည် ဖြစ်ပါသည်။ Everland ကစားကွင်း ရှိရင်ခုန် စိတ်လှုပ်ရှားဖွယ် အမျိုးမျိုးသော Roller Coaster များ၊ T Express Rolling – X Traing ၊ Herky & Timmy’s Racing၊ DragonCoaster ၊ Hurricane များ နှင့် အခြားကစားနည်း များစွာကိုလည်း ပျော်ရွှင်လွတ်လပ်စွာ ဆင်နွှဲကြပါမည်။ နေ့လည်စာကို ကစားကွင်းတွင် ကူပွန်ဖြင့်သုံးဆောင်ပါမည်။  ဆက်လက်၍ Safari park အတွင်းကားဖြင့် လှည့်လည် ကြည့် ရှု့ခြင်း၊ 4 Season Garden တွင် ရောင်စုံပန်းမျိုးစုံများနှင့် ယှဉ်တွဲဓါတ်ပုံရိုက်ပြီး ကစားကွင်း အတွင်း တနေကုန် လည်ပတ်ကြပါမည်။ နေ့လည်စာကို ကစားကွင်းအတွင်းရှိ Local Restaurant တွင် ကူပွန် လက်မှတ် ဖြင့် သုံးဆောင် ပါမည်။ ညနေခင်းတွင် Everland ကစားကွင်းမှ ပြန်လည်ထွက်ခွာလာပြီး နောက်ဆုံးပေါ် ဖက်ရှင်ဒီဇိုင်း အဝတ်အစားများနှင့် အလှကုန်ပစ္စည်းများကို တနေရာတည်းတွင် စုံလင်စွာ ရောင်းချသော မြောင်ဒုံးဈေး (Myeongdong Shopping street) သို့ ပို့ဆောင်ပေးမည်ဖြစ်ပြီး လွတ်လပ်ပျော်ရွှင်စွာ ဈေးဝယ် ကြ ပါမည်။ ညစာသုံးဆောင်ပြီးပါက ဟိုတယ်သို့ ပို့ဆောင်ပေးမည် ဖြစ်ပြီး တစ်နေ့တာပင်ပန်းမှုများကို ဟိုတယ်တွင် အေးချမ်းစွာ အိပ်စက် အနားယူမည်ဖြစ်ပါသည်။

Day  6 : ဆိုးလ် - ရန်ကုန် 8M#802 (16:40~20:10) (နံနက်စာ၊ နေ့လည်စာ)

ဟို တယ်တွင် နံနက်စာသုံးဆောင်ပြီးပါက  ဂျိုဆွန်မင်းလက်ထက် ၁၃ ရာစု တွင် စတင် တည်ဆောက် ခဲ့ပြီး ၁၉ရာစုတွင် ပြန်လည် ပြုပြင် မွမ်းမံထားသော သမိုင်းဝင် ဂျောင်ဘုတ်ဂန်း နန်းတော်နှင့် National Folk Museum သို့ ဝင်ရောက် လည် ပတ်ပြီး Gwanghwamun Square၊ နှင့် ဆိုးလ်မြို့၏ အလှပဆုံးနေရာတစ်ခုဖြစ်သော မြို့လည်စမ်းချောင်းလေး စီးဆင်းရာ Cheonggye Stream သို့ သွားရောက် လည်ပတ်ပြီး အမှတ်တရ ဓါတ်ပုံရိုက်ကူးကြပါမည်။နေ့လည်စာသုံးဆောင်ပြီးပါက  အင်ချွန်းလေဆိပ်သို့ ပို့ဆောင်ပေးမည်ဖြစ်ပြီး MAI လေကြောင်းခရီးစဉ် ဖြင့်ရန်ကုန် အပြည်ပြည် ဆိုင်ရာ လေဆိပ်  သို့ ပျံသန်းရောက်ရှိမည်ဖြစ်ပါသည်။

 

Last updated 1 month ago