Vietnam Trip

Day 1 : ရန်ကုန်-ဟနွိုင်း (ညစာ)

      ရန်ကုန် မင်္ဂလာဒုံအပြည်ပြည်ဆိုင်လေဆိပ်မှ ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့ Noi Bai အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ပျံသန်းရောက်ရှိပါမည်။ လေဆိပ်တွင် ဒေသဆိုင်ဧည့်လမ်းညွန်မှ လာရောက်ကြိုဆိုပြီး Local Restaurant တွင် ညစာသွားရောက်သုံးဆောင်ပါမည်။ ထို့နောက် ဟိုတယ်တွင် Check – In ဝင်ရောက်ပြီး တစ်ညတာအိပ်စက် အနားယူပါမည်။

    Day 2: ဟိုတယ်တွင်နံနက်စာသုံးဆောင်ပြီးနောက် ဗီယက်နမ်အမျိုးသား ခေါင်းဆောင်ကြီး ဟိုချီမင်း၏ ရုပ်အလောင်း ထားရှိ ရာ ဂူ  ဗိမာန် Hochiminh       Mausoleum နှင့် ဟိုချီမင်းအိမ်တော်၊ AD19 ရာစုခေတ် ဒဏ္ဍာရီ  ပုံပြင်ဖြစ်ခဲ့ရာ One Pillar Pagoda West Lake Tran Quoc Pagoda သို့ သွားရောက်   လေ့လာလည်ပတ်ပြီး အမှတ်တရ ဓါတ်ပုံရိုက်ကူးပါမည်။ ထို့နောက် ဟိနွိုင်း မှ ဟလောင်း ဘေးသို့ သွားရောက်လည်ပတ်ပါမည်။ လမ်းခရီးရှိ မြစ်နီမြစ်     နှင့် သာယာလှပသော လယ်ကွင်းစိမ်းများ၏ သဘာ၀အလှတရားများကို ကြည့်ရှုခံစားရင်း (ကားမောင်းကြာချိန် ၄ နာရီ) ဟလောင်းဘေးသို့ ရောက်ရှိ   ပြီး    နေ့လည်စာကို Local Restaurant တွင်အရသာရှိစွာသုံးဆောင်ပါမည်။ ထို့နောက် Sun World Park သို့ သွားရောက်လည်ပတ်ပါမည်။ Sun   World       Park အတွင်း Two-Way Cable Car၊ Sun Wheel၊ Samurai Slide၊ Kido Land နှင့် Zen Garden စသည့် ကစားနည်းများကို လေ့လာလည်ပတ်ရင်းဆော့ကစားနိုင်ပါမည်။ညစာကို Local Restaurant တွင်သုံးဆောင်ပြီး ဟလောင်းဘေးရှိ ဟိုတယ်တွင် တစ်ညတာအိပ်စက် အနားယူပါမည်။  (မနက်စာ ၊ နေ့လည်စာ ၊ ညစာ)


Day 3 :ဟိုတယ်တွင်နံနက်စာသုံးဆောင်ပြီးနောက် ဟလောင်းပင်လယ်အော်အတွင်းအပျော်စီး သင်္ဘောစီးရန်အတွက် ဆိပ်ကမ်း တွင်ဦးစွာ Check–In ဝင်ရောက်ရပါမည်။ ကမ္ဘာ့ UNESCO အသိအမှတ်ပြု ဟလောင်းပင်လယ်အော်အတွင်း ရင်သပ်ရှု မောဖွယ်ကောင်းသော Thien Cung Cave နှင့် Ga Choi Island တို့၏ အလှအပများကို Cruise စီးရင်း လေ့လာလည် ပတ်ကြပါမည်။ နေ့လည်စာကို အပျော်စီးသင်္ဘောပေါ်တွင် အရသာရှိစွာ သုံးဆောင်ရပါမည်။ ဟလောင်းပင်လယ်အော် အတွင်းသွားရောက်လေ့လာပြီးနောက် ဟနွိုင်းမြို့သို့ ပြန်လည်ထွက်ခွာပြီး ထွက်ခွာပြီး ဒါနန်းသိ့ပျံသန်းပါမည်။ ဒါနန်းမြို့သို့ရောက်ရှိပြီး ဟိုတယ်တွင် တစ်ညတာ အိပ်စက်ပါမည်။ (မနက်စာ ၊ နေ့လည်စာ ၊ ညစာ)


  Day 4: ဟိုတယ်တွင်မနက်စာသုံးဆောင်ပြီးသည်နှင့် ဗီယက်နမ်၏ အလှဆုံးတောင်ဖြစ်သော ဘာနာ တောင်တန်းရှိ ပြင်သစ်ရွာသို့ အရှေ့တောင်အာရှ တွင် မီတာအရှည်ဆုံး ဖြစ်သော Cable Car ဖြင့်သွားပါမည်။ ဘာနာတောင်သို့ ရောက်ရှိ သည်နှင့် အမြင့်ပေ 1487 မီတာ ရှိသော Chua တောင်ထိပ် မှ နေ၍ Ba Chua Thuong Ngan Pagoda ဗုဒ္ဓဘာသာ တန်ခိုးကြီးဘုရာအား ဖူးမြော်ရပါမည်။ ထို့နောက် လူငယ်များ စိတ်ကြိုက် ကစားနိုင်မည့် ပျော်စရာကစားနည်း များစွာရှိသော Indoor ကစားကွင်း Fantasy Park နှင့် ယခုတလော နာမည်ကျော်ကြားလျှက် ရှိသော ဘာနာဟေးလ်၏ ရင်သက်ရှုမောဖွယ်ရူခင်းများကို လေညင်းခံရင်း ခံစားနိုင် မည့် Golden Bridge သို့လည်းပို့ ဆောင်ပေးပါမည်။ နေ့လည်စာကို ဘာနာဟေးလ် တောင်ပေါ်တွင် International ဘူဖေးဖြင့် သုံးဆောင် ကြပြီး နောက် ညနေပိုင်းတွင်မီးပုံးလေးများနှင့် အလှဆင်ထားပြီး အဝါရောင် ရှေးဟောင်း မြို့လေးဖြစ်သော Hoi An Ancient Town သို့လည်ပတ်ပါမည်။ Hoi An ရှိ Japanese Covered Bridge ၊ Tan Ky old House ၊ Chinese Museum, Phuc Kien တရုတ်ဘုရားကျောင်းအစရှိသော စိတ်ဝင်စားဖွယ်နေရာများအား လိုက်ပါပို့ဆောင် ပေးမည် ဖြစ်ပါသည်။ အပြန်တွင် ညစာသုံးဆောင် ပြီးနောက် ဟိုတယ်တွင် Check In ဝင်ရောက်ကာ အိပ်စက် အနားယူရမည်ဖြစ်ပါသည်။(မနက်စာ ၊ နေ့လည်စာ ၊ ညစာ)


Day 5: ဟိုတယ်တွင် မနက်စာသုံးဆောင်ပြီးသည်နှင့် ဒါနန်းမြို့၏ သာယာ လှပသော မီးခေးကမ်းခြေသို့ သွားရောက် လည်ပတ်ပါမည်။ ထို့နောက် ဒါနန်းလေဆိပ် မှတစ်ဆင့် ဟနွိုင်းမြို့ Noi Bai လေဆိပ်သို့  (       )  ဖြင့် (   :   ) နာရီတွင် ထွက်ခွာလာပြီး (      ) ရောက်ရှိပါမည်။ နေ့လည်စာကို နာမည်ကျော် SEN ဘူဖေး တွင်သုံးဆောင်ပါမည်. ညနေပိုင်း တွင် ဟနွိုင်းမြို့ Noi Bai လေဆိပ်မှ (     )  ဖြင့် (      ) တွင် ထွက်ခွါ လာပြီး နောက် ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ (          ) တွင် ပြန်လည် ရောက်ရှိကာ ပျော်ရွှင်စရာ ခရီးစဉ်လေး အား အမှတ်တရများစွာ ဖြင့် အဆုံးသတ်စေမည်ဖြစ်ပါသည်

Last updated 1 month ago